ဆန်ရှည် ဆန်ဖြူ
လက်လီ၊ လက်ကားနှင့် ဖြန့်ချိရေးအတွက် မြန်မာဆန်ရှည် ဆန်ဖြူ။ ကြိတ်ခွဲမှုအဆင့်၊ အကျိုးပါဝင်မှုနှင့် ထုပ်ပိုးမှုကို စုံစမ်းနိုင်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ဆန်ကြိတ်ခွဲခြင်းနှင့် ဆန်ရောင်းဝယ်ရေး လုပ်ကိုင်ပါသည်။ လက်ကား၊ ဖြန့်ချိရေးနှင့် ပြည်ပဝယ်ယူမှုများအတွက် ဆန်အမျိုးအစားများကို လေ့လာနိုင်ပါသည်။
MYANMA SUPER STARလိုအပ်သော ဆန်အမျိုးအစား၊ အရည်အသွေးနှင့် ပမာဏကို စုံစမ်းနိုင်ပါသည်။ လက်ရှိရရှိနိုင်မှုနှင့် သတ်မှတ်ချက်များကို မှာယူမှုတစ်ခုချင်းအလိုက် အတည်ပြုပါမည်။







လက်လီ၊ လက်ကားနှင့် ဖြန့်ချိရေးအတွက် မြန်မာဆန်ရှည် ဆန်ဖြူ။ ကြိတ်ခွဲမှုအဆင့်၊ အကျိုးပါဝင်မှုနှင့် ထုပ်ပိုးမှုကို စုံစမ်းနိုင်ပါသည်။
ကုန်ကြမ်းနှင့် ဆန်ထုတ်ကုန်များအတွက် ဆန်ကွဲ။ လိုအပ်သော ဆန်ကွဲအရွယ်အစားနှင့် အသုံးပြုမည့်လုပ်ငန်းကို ဖော်ပြ၍ စုံစမ်းနိုင်ပါသည်။
ပြည်တွင်းဈေးကွက်အတွက် မြန်မာ့ပေါ်ဆန်းဆန်။ မူရင်းဒေသ၊ သီးနှံရာသီနှင့် ရရှိနိုင်သော ကြိတ်ခွဲမှုအဆင့်ကို စုံစမ်းနိုင်ပါသည်။

Myanma Super Star Trading Co., Ltd.
ဆန်နှင့် ဆန်ကွဲများကို ပြည်ပသို့ တင်ပို့ရောင်းချရန် ရည်ရွယ်၍ Myanma Super Star Trading Co., Ltd. ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ဆန်စက်လုပ်ငန်းနှင့် ဆန်စပါးလုပ်ငန်းကိုမူ ၁၉၈၃ ခုနှစ်ကတည်းက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ စတင်လုပ်ကိုင်ခဲ့ပါသည်။ ယနေ့တွင် ဆန်စက်လုပ်ငန်း၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း၊ လယ်ယာနှင့် စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
ကျွန်တော်တို့လုပ်ငန်းသည် မြန်မာနိုင်ငံ၏ “စပါးကျီ” ဟု တင်စားခေါ်ဝေါ်ကြသည့် ဧရာဝတီတိုင်းဒေသကြီးတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့နှင့် နီးကပ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်အပြင် မြစ်ချောင်းများ ပေါများသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးထွက်ကုန်များ သယ်ယူပို့ဆောင်ရေးအတွက် အလွန်အဆင်ပြေသော ဒေသဖြစ်ပါသည်။
လက်ရှိတွင် ပြည်တွင်းဈေးကွက်ကို အဓိကထား၍ ဖြန့်ဖြူးရောင်းဝယ်လျက်ရှိပြီး ပြည်တွင်းစားသုံးသူများ၏ ယုံကြည်စိတ်ချမှုကို ခိုင်မာစွာ ရရှိထားပါသည်။ အရည်အသွေးကောင်းမွန်သော ဆန်နှင့် ဆန်ကွဲများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက်လည်း စီးပွားရေးမိတ်ဖက်ကောင်းများကို ရှာဖွေချိတ်ဆက်လျက်ရှိပါသည်။
ကျွန်တော်တို့သည် ပစ္စည်းမှန်ကန်မှုနှင့် ဈေးနှုန်းမှန်ကန်မှုကို အာမခံပေးပြီး လိုအပ်သော စာရွက်စာတမ်းများနှင့် လုပ်ငန်းစဉ်များကိုလည်း မှန်ကန်တိကျစွာ ဆောင်ရွက်ပေးနိုင်ပါသည်။
ပြည်တွင်း၊ ပြည်ပ စီးပွားရေးမိတ်ဖက်များကို အပြန်အလှန် ယုံကြည်စိတ်ချမှုဖြင့် လက်တွဲဆောင်ရွက်ရန် ရိုးသားဖော်ရွေစွာ ဖိတ်ခေါ်အပ်ပါသည်။
စက်ရုံ၊ သိုလှောင်ရုံနှင့် သယ်ယူပို့ဆောင်ရေး ပုံရိပ်များ။ ပုံကိုနှိပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်။
ဆန်အမျိုးအစား၊ အရည်အသွေး၊ ပမာဏနှင့် ထုပ်ပိုးမှုကို ဖော်ပြပါ။
ပို့ဆောင်ရမည့်နေရာ သို့မဟုတ် ဆိပ်ကမ်းနှင့် လိုအပ်သည့်အချိန်ကို ဖော်ပြပါ။
မှာယူမီ သတ်မှတ်ချက်၊ ဈေးနှုန်း၊ ထုပ်ပိုးမှုနှင့် ပို့ဆောင်မှုစည်းကမ်းများကို သဘောတူအတည်ပြုပါ။
ဖုန်း သို့မဟုတ် Email ဖြင့် တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ ဆန်ဝယ်ယူမှုအတွက် အောက်ပါအကွက်များ ဖြည့်၍ စုံစမ်းစာ ပြင်ဆင်နိုင်ပါသည်။
အမှတ် ၃၊ ဒေါနလမ်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့
စက်ရုံအမှတ် ၄၈၃၊ နံပါတ်တစ် ဆန်စက်၊ တော်တနီးလမ်းသစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့
အမှတ် ၁၂၉၅၊ တော်ဝင်ဆန်စက်၊ တော်တနီးလမ်းသစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့
စုံစမ်းစာဖြည့်ပြီး ပို့လိုသည့်နည်းလမ်းကို ရွေးပါ။ ရွေးထားသည့် app ထဲမှာ Send နှိပ်၍ ပို့ပါ။ Viber နှင့် WeChat အတွက် စာကိုကူးယူပြီး chat ထဲ ထည့်ပို့ပါ။